လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၁.၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့ရွှေရတုခန်းမ၌ဖျာပုံခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ဌာနပိုင်စက်တပ်ရေယာဉ်(၂)စီးအားလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့်/မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများတက်ရောက်ခဲ့ပြီး စက်တပ်ရေယာဉ်(၂)စီးအား ဒေးဒရဲမြို့နယ်နှင်ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံန့်ခွဲမှုအဖွဲ့သို့ ထပ်ဆင့်လွှဲပြောင်းခဲ့ပြီးမြို့နယ်များ အတွင်းသဘာဝအန္တရာယ်များပေါ်ပေါက်ပါကအရေးပေါ်သုံးစွဲနိုင်ရန်နှင့်ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#ayy_jan2019