သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခြင်း၊ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ IOM အဖွဲ့မှ Mr.Konrad Clos မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြား ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား ဌာနဆိုင်ရာဝန်ထမ်း (၄၅) ဦးတို့ဖြင့် (၂၈-၁-၂၀၁၉) ရက်မှ (၁-၂-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_jan2019

Sign Up

Upcoming Events