Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောကျေးရွာအုပ်စု၊ ကျွဲခိုတောကျေးရွာမှ မီးဘေးဖြစ်ခဲ့ရာ မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ မီးဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)တို့အား (၁-၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha-fir #sgg_feb2019
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Plan International Myanmar တို့ပူးပေါင်း၍ (၁-၂-၂၀၁၉) ရက်နေ့တွင် သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ၊ အရန်မီးသတ်အစရှိသည့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်း အင်အား (၅၀) ဦးဖြင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_feb2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဆရာ/ဆရာမ (၇) ဦးနှင့် ကျောင်းသား/သူ (၁၆၆) ဦးတို့ကို ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ (၇) ရပ်ကွက်၊ မေဓါဝီလမ်း၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် actionaid အလှူပစ္စည်း (၁) စုံတို့အား (၁-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_feb2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့် ကျောင်းတွင်းနံရံကပ်ပိုစတာကပ်ခြင်းများအား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၆၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်၊ ရမ္မာဝတီခန်းခ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ကျော် ရှိပါကြောင်း သတင်းရရှိပါသည်။ Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉)ရက်နေ့၊(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီထိ မီးသတ်ဦးစီးဌာနဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၁၉၅)ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊ ဝေခူးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် ဆန်ဖိုးငွေ (၁၄၇၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) ကျပ်အား (၁-၂-၂၀၁၉) ရက်နေ့၊ ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်မိသားစု၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာအောက်ပိုင်းတွင် (၃၁-၁-၂၀၁၉) ရက်နေ့၌ ဖယောင်းတိုင်မီးထွန်းပြီး မီးမငြိမ်းသတ်ဘဲ အိပ်ပျော်သွားခဲ့ရာမှ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးမှ အိမ် ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀ိ/-) ကျပ် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် (၃၁-၁-၂၀၁၉) ရက်နေ့၌ ဖုန်းအားသွင်း ထားရာမှတဆင့် ပလပ်ခုံဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆၈၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ … Read more









