Category Archives: News
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စေတုတ္တရာမြို့နယ်၊ အလယ်ပုံကျေးရွာအုပ်စု၊ အောက်ပုံကျေးရွာ၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၄-၂-၂၀၁၉) … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းဖြတ်မြို့နယ်၊ ဟကြားဟုန် ကျေးရွာ၌ (၃-၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၆၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2019
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာ၌ (၂-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၄-၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်များအတွင်း သဘာဝဘေးတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးမှုနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
================================================= ဖေဖေါ်ဝါရီလ ၃၊ ကျောက်တံခါး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် (၃-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ရဲနွယ်ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် ဆင်ကူး – မိကျောင်းကူး တံတားနှင့် ကဒါးသဲကျော – ဝက်လူးအိုင် ကျေးရွာများသို့ ဆက်သွယ်ထားသော သစ်သားတံတားများပြန်လည်တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုခဲ့ပါသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လ၊ မိုးရာသီကာလအတွင်း ရဲနွယ်ချောင်းရေလျှံတက်ပြီး ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် အဆိုပါတံတားများသည် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းကူးတံတားများဖြစ်၍ … Read more
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁-၂-၂၀၁၉)ရက်နေ့ (၂၃း၅၀)နာရီအချိန်၌ မီးလောင်မှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦး(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/-)၊သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀၀ိ/-)စုစုပေါင်း(၅၁၀၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့ ကို ကျောမြိ ု့အုပ်ချုပ်ရေးမှူးနှင့်အတူ (၃-၂-၂၀၁၉) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများကိုဖေဖေါ်ဝါရီလ(၂) ရက်နေ့နံနက်ပိုင်းက ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ပွေးလှခန်းမ တွင်လည်းကောင်း နေ့လည်ပိုင်းတွင်တမဲကျေးရွာအုပ်စု တမဲဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ရာနံနက်ပိုင်း၌ (၅၀) ဦး နေ့လည်ပိုင်း၌(၉၅) ဦး စုစုပေါင်း (၁၄၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးလောင်ကျွမ်း၊ မီးဘေးသင့် ဒဏ်ရာရလူနာများအား ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပန်းတောင်းမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၁.၂.၂၀၁၉)ရက်နေ့ နံနက်(၀၉း၃၀)နာရီ အချိန်တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု ရွာသာယာကျေးရွာနှင့် ပြည်မြို့နယ် ဇလုံကျေးရွာအနီး ဧရာဝတီမြစ်လယ်တွင် Lucky Star-2 တွန်းသဘောၤ မီးလောင်ကျွမ်းရာမှ မီးဘေးသင့်ခဲ့သည့် ဒဏ်ရာရ လူနာ (၅)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ(၂၅၀၀၀၀ိ/-)ကျပ်အား(၂.၂.၂၀၁၉)ရက်နေ့ နေ့လည် (၁၄း၀၀)နာရီ အချိန် ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒဏ်ရာရလူနာများနှင့် မိသားစုဝင်များထံသို့ထောက်ပံ့ငွေများအား ကျေးရွာအုပ်ချုပ် ရေးမှူ းနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် အတ ွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရ ွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ယနေ့နံနက်ပိုင်းကနေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့်် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပါသည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ကျောက်စရစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြပြီးလူငယ်ဖံ့ွံဖြိုးရေးပရဟိတဂေဟာရှိတာဝန်ရှိသူများ၊ ကျောက်စရစ်ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေရိပ်သာကျေးရွာမှ မိခင်ဝိုင်းဖွင့်လှစ်မည့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက “နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လူမှုဘဝရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးမှုများအတွက်အမြန်ပြန်လည်တုန့်ပြန်ဆောင်ရွက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ပဋိသန္ဓေတည်စမှသက်ကြီးရွယ်အိုအထိလူသားဘဝဖြစ်စဉ်အဆင့်ဆင့်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီရှင်သန်ဖွံ့ဖြိုးရေးအတွက်ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူူငယ်များ၊ လူငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများစသည်ဖြင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်အောင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့်ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ပြည်သူလိုအပ်ချက်အားလုံးကိုပြည့်ပြည့်ဝဝမဖြည့်ဆည်းနိုင်သေးသော်လည်းမျှတစွာရရှိခံစားစေရန်နှင့် လိုအပ်နေသောပြည်သူများအမှန်တစ်ကယ်အကျိုးရှိစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပရဟိတလုပ်ငန်းဆိုသည်မှာကိုယ်ကျိုးအနစ်နာခံပြီးအချိန်ပေးရသောအလုပ်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများကိုလည်းကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ မိခင်ဝိုင်းများကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျေးရွာတိုင်းတွင်ဖွင့်လှစ်နိုင်ရေးကိုလည်းမျှော်မှန်းထားပါကြောင်းနှင့် သက်ကြီးရွယ်အိုများကိုလစဉ်ပင်စင်၊ ကိုယ်ဝန်ဆောင်နှင့်၎င်းမှမွေးဖွားသောကလေးအသက်(၂) နှစ်ထိငွေကြေးထောက်ပံ့မှုအစီအစဉ်များကိုလည်းနိုင်ငံ၏ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃)ရပ်ကွက်၊ခပေါင်းလမ်း၊ အိမ်အမှတ်(၁၁၄၅/က)နေအိမ်မှ မီးစတင်လောက်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ကာ မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ မီးဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)နှင့် Care Myanmar family kits (ပစ္စည်း(၂၂)မျိုးပါ)(၁)စုံကို (၂-၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha-fir #ygn_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကလေးဝ မြို့နယ်၊ သစ်ချောက်ကျေးရွာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦးနှင့် ကျာင်းသား/သူ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ငလျင်နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_feb2019









