Category Archives: News
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်၊သဘော့ဆိပ်ကျေးရွာတွင်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုအခြေခံသင်တန်း(၂/၂၀၁၉)၌ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၆၀) ဦး တတ်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၂-၁-၂၀၁၉)ရက်နေ့မှ (၂၆-၁-၂၀၁၉)ရက်နေ့ထိ (၅)ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံး(ဘစမ) #ar #tny_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_jan2019
-
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့(Myanmar Preparedness Partnership-MPP) အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
ဇန်နဝါရီ ၂၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အာရှဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန Asian Disaster Preparedness Centre (ADPC) တို့မှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုဖြင့် Lessons Learned and Planning Workshop for Myanmar Preparedness Partnership (MPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Royal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား MRCS ၊ ICRC နှင့် IFRC တို့မှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံမှုသတင်း
ဇန်နဝါရီ၂၄၊ နေပြည်တော် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) တို့မှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် လူမှုကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများအား ပိုမိုကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှဒုတိယသမ္မတ (၁) ဦး ဆောင်သော အမျိုးသားကော်မတီ၊ ပြည်ထောင်စု ဝန်ကြီးဦးဆောင်သောလုပ်ငန်းကော်မတီ စသည်ဖြင့် … Read more
-
IDPs မိသားစု (၁၈) စုအား ပလန.ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးမှုသတင်း
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့နယ် (ပလန) ငွေပျော်စံပြကျေးရွာသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေမြို့နယ်ရှိ IDPs စခန်း (၆) ခုမှ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၃) ဦးတို့အား (၂၄.၁.၂၀၁၉)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဂျေကော့ဘူဦးဆောင်သော ဌာနဆိုင်ရာ အဖွဲ့များမှ ငွေပျော်စံပြကျေးရွာ၊ မူလတန်းကြိုကျောင်းတွင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်၍ ရွှေ့ပြောင်းပေးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၈) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၁) … Read more
-
သေဆုံးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ ဖာကေကျွေးရွာတွင် နေထိုင်သူတစ်ဦး (၄.၁.၂၀၁၉) ရက်နေ့၌ မိုင်းထိမှန်သေဆုံးခဲ့သည့်အတွက် (၂၃.၁.၂၀၁၉) ရက်နေ့တွင် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိိိ/-) ကျပ်အား ကျန်ရစ်သူမိသား စုများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #kcn_Jan2019
-
ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကျင်းပပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်ဆောင်ရွက်ရန်အတွက် ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲရေး အဖွဲ့ဝင်များဖြင့် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #bgo_jan2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၆၀) ဦးအတွက် တစ်ဦးလျှင် ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တီရှပ်(၁) ထည်၊ တဘက် (၁) ထည်နှင့် ဆပ်ပြာ (၁) တောင့်စီတို့အား ခေတ္တနေထိုင်ရာ ပြည်သူ့အားကစားကွင်း၌ (၂၃-၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #sgg_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၉)ရက်နေ့ ညောင်ရွှေမြို့ အ.ထ.က(ခွဲ) သလဲဦး၌ ကျောင်းသား /ကျောင်းသူ (၃၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်လက်ဖက်ရည်ဆိုင်၌ (၂၃-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၅း၃၅) နာရီအချိန်တွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ကာ (၂) ထပ်အိမ် (၁) လုံးနှင့် တိုက်ခန်း (၄) ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၅) စု မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ … Read more









