လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ယနေ့နံနက်ပိုင်းကနေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့်် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ကျောက်စရစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြပြီးလူငယ်ဖံ့ွံဖြိုးရေးပရဟိတဂေဟာရှိတာဝန်ရှိသူများ၊ ကျောက်စရစ်ကုန်း၊ ကင်ပွန်းတန်းအရှေ့၊ အောင်မြေရိပ်သာကျေးရွာမှ မိခင်ဝိုင်းဖွင့်လှစ်မည့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက “နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လူမှုဘဝရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးမှုများအတွက်အမြန်ပြန်လည်တုန့်ပြန်ဆောင်ရွက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ပဋိသန္ဓေတည်စမှသက်ကြီးရွယ်အိုအထိလူသားဘဝဖြစ်စဉ်အဆင့်ဆင့်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီရှင်သန်ဖွံ့ဖြိုးရေးအတွက်ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူူငယ်များ၊ လူငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများစသည်ဖြင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်အောင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့်ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ပြည်သူလိုအပ်ချက်အားလုံးကိုပြည့်ပြည့်ဝဝမဖြည့်ဆည်းနိုင်သေးသော်လည်းမျှတစွာရရှိခံစားစေရန်နှင့် လိုအပ်နေသောပြည်သူများအမှန်တစ်ကယ်အကျိုးရှိစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပရဟိတလုပ်ငန်းဆိုသည်မှာကိုယ်ကျိုးအနစ်နာခံပြီးအချိန်ပေးရသောအလုပ်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုများကိုလည်းကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ မိခင်ဝိုင်းများကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျေးရွာတိုင်းတွင်ဖွင့်လှစ်နိုင်ရေးကိုလည်းမျှော်မှန်းထားပါကြောင်းနှင့် သက်ကြီးရွယ်အိုများကိုလစဉ်ပင်စင်၊ ကိုယ်ဝန်ဆောင်နှင့်၎င်းမှမွေးဖွားသောကလေးအသက်(၂) နှစ်ထိငွေကြေးထောက်ပံ့မှုအစီအစဉ်များကိုလည်းနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ဆက်လက်တိုးမြှင့်ထောက်ပံံ့ဆောင်ရွက်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကကျောက်စရစ်ကုန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်ထောက်ပံ့ငွေ (၉၃၄၂၀၀ဝိ)ကျပ်၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများဖြစ်သောဒဟတ်ကုန်းမူကြို၊ အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံမူကြို၊ အမှတ်(၄)ကာကွယ်ရေးပစ္စည်းစက်ရုံမူကြို၊ တပ်မတော်ဆေးသုတေသနတပ်မူကြို၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမူကြို၊ အမှတ်(၂၀၃၂)လေကြောင်းရန်ကာကွယ်ရေးတပ်မူကြိုတို့အတွက် ထောက်ပံ့ငွေကျပ်(၃၆)သိန်း၊ ကျောက်စရစ်ကုန်း၊ ကင်မွန်းတန်းအရှေ့၊ အောင်မြင်ရိပ်သာကျေးရွာများတွင် ဖွင့်လှစ်မည့် မိခင်ဝိုင်း(၃)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၉၇၈,၀၀၀) တို့ကိုထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြပြီးတပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် အေးမေတ္တာစံပရဟိတဂေဟာများသို့ ဝင်ရောက်ပြီးကလေးငယ်များ၏ ကျန်းမာရေးအခြေအနေနှင့် နေ့စဉ်ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ပြီးမုန့်နှင့်အရုပ်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_feb2019