Category Archives: News
-
မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်၊ မူလတန်းကြိုကျောင်း၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးနှင်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမ၊ စုစုပေါင်း လူဦးရေ (၁၂၅) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #ar_eqk #ar_str #kcn_feb2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၀) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းနားသို့ မော်လမြိုင်ကျွန်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့၊ လော်ကမူရပ်ကွက်၌ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှလူဦးရေ (၉၈) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၄) အိမ်ထောင်စုစာ၊ (သွပ်မိုး/ပျဉ်ကာ /ပျဉ်ခင်း) နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်၊ (သွပ်မိုး/ဓနိမိုး/ဝါးကာ/ဝါးခင်း) နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၅၄) ဦး၊ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အားပေးထောက်ပံ့
ဖေဖော်ဝါရီ ၁၇၊ မုံရွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရောင်ခြည်သစ် ပရဟိတမျက်မမြင်ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ချုပ်သူ/ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ၊ အခြေခံပညာ၊ ဂီတပညာ၊ အနှိပ်အကြောပြင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသားများ၏ ကွန်ပြူတာသင်ကြားတတ် မြောက်မှု၊ အနှိပ်အကြောပြင်ပြသမှု၊ မျက်မမြင်လက်စမ်းစာ အရေး/အဖတ် တတ်မြောက်မှု၊ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ဆွန်အွိုက်ဘုန်းကြီး ကျောင်းသို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၁၆၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃၆,၀၀၀/-) ကျပ်တို့အား (၁၆-၂-၂၀၁၉) ရက် နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားဝန်ကြီး၊ လူမှုနှင့် ဘေးစီမံမှ ပြည်နယ်မှူးများ၊ သီပေါ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr … Read more
-
ငလျင်ဘေးနှင့် အခြားဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီ အချိန်ထိ မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၌ ငလျင်ဘေးနှင့် အခြားဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာသူ/သားများနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_feb2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီး တောင်ကျေးရွာအုပ်စု၊ လသာကါင်းတဲစု၌ (၁၆-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၇-၂-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ ကန်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ လူဦးရေ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ မိုးခေါင်ရေရှားဘေးအပါအဝင်သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။









