လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ဆွန်အွိုက်ဘုန်းကြီး ကျောင်းသို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၁၆၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃၆,၀၀၀/-) ကျပ်တို့အား (၁၆-၂-၂၀၁၉) ရက် နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားဝန်ကြီး၊ လူမှုနှင့် ဘေးစီမံမှ ပြည်နယ်မှူးများ၊ သီပေါ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#shn_feb2019