Category Archives: News
-
မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့ပူးပေါင်း၍ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာအုပ်စု၊ဒွေးချကျေးရွာ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းတို့ဆောင်ရွက်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူများ၊ ဒွေးချကျေးရွာမှ ရွာသူ/သားများနှင့် ကျောင်းသူ/သားများ၊ စုစုပေါင်းလူဦးရေ (၃၉၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးဒဏ် ခံရလေ့ရှိသောဒေသများ၌ ဘေး အန္တရာယ်ကျရောက်လာပါက … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ငမဲကန်ကျေးရွာအုပ်စု၊ အောင်ညီသာကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့၊ (၁၄း၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာအား (၂၆-၂-၂၀၁၉) … Read more
-
ရိုးကြီးရွာမ IDP စခန်းမှ နန့်လှိုင်ရွာသစ်ကုန်းသို့ ပြောင်းရွှေ့သွားသည့် အိမ်ထောင်စုများအားထော က်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ သက်ဆိုင်ရာဌာန အကြီးအကဲများနှင့်အတူ ဗန်းမော်မြို့နယ်၊ ရိုးကြီးရွာမ IDP စခန်းမှ နန့်လှိုင်ရွာသစ်ကုန်းသို့ ပြောင်းရွှေ့သွားသည့် အိမ်ထောင်စုများအား (၂၆-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ ပြောင်းရွှေ့အိမ်ထောင်စု (၁၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁၁) စုစာနှင့် လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာ (၁) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၌ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်းလူဦးရေ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး အခမ်းအနား၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များနှင့်ဗီနိုင်း ပိုစတာများဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင် (၂) ရပ်ကွက်၊ ခြင်္သေ့ဦးအပိုင်း၊ ရေဦးလမ်းသွယ် (၂)၊ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင် (၂) ရပ်ကွက်၊ ခြင်္သေ့ဦးအပိုင်း၊ ရေဦးလမ်းသွယ် (၂) တွင် (၂၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၂၅-၂-၂၀၁၉) ရက်နေ့၊ … Read more
-
ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ ရွာမ (၅) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ ရွာမ (၅) ရပ်ကွက်၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၅-၂-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေကြည်မြို့နယ်၊ ရေကြည်မြို့၊ တွတ်ပလွတ်ကျေးရွာအုပ်စု၊ သင်တောအိုင်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ရေကြည်မြို့၊ တွတ်ပလွတ်ကျေးရွာအုပ်စု၊ သင်တောအိုင်ကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာတို့အား (၂၅-၂-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊နန်းဖဲကျေးရွာရှိ ရပ်ရွာပြည်သူ(၈၂)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh _feb2019
-
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၌ (၂၃-၂-၂၀၁၉) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) … Read more
-
အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများအား ဒုတိယဝန်ကြီးဦးစိုးအောင် လိုက်လံကြည့်ရှုစစ်ဆေး
================================================= ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်——————— နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း မိသားစု ဝန်ထမ်း အိမ်ရာများနှင့် အပျိုဆောင်များသို့ (၂၄-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း/အမှုထမ်းမိသားစုများနှင့် အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့တိုက်နှင့်အဆောင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးထိခိုက်စေနိုင်သော မြောင်းပုတ် အနံ့နှင့် ခြင်နှင့်ပတ်သက်သော ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် စုပေါင်းဆောင်ရွက်ကြရန်၊ … Read more









