Category Archives: News
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာသို့ ရေဂါလံ (၁၂၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာအုပ်စု၊မျောက်ချောပင်ကျေးရွာတွင် (၁၁-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၀၀,၀၀ဝိ/-)၊ ဘေးသင့်ပြည်သူ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀ဝိ/-)နှင့် အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၄) ပုံးတို့ကို (၁၃-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_mar 2019 … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၁၃-၃-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗွီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦိးစီးမှူးရုံး(ဘစမ) #ar #ayy_mar201
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ သရက်စမ်းကျေးရွာတွင် (၁၂-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၂) လုံးအတွက် (၆၄,၇၀၆) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၂) အိမ်ထောင်စာ၊ ပလတ်စတစ်ဖျာ (၂)ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၀၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၉,၄၀၆) ကျပ်တို့အား (၁၄-၃-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
အမျိုးသားမူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါး ဥပဒေကို ယှဉ်တွဲသုံးသပ်ထားသည့် အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ၁၄.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသော အမျိုးသားမူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲ သုံးသပ်ထားသည့် အစီရင်ခံစာမိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်လျှင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ဥပဒေရှိပါကြောင်း၊ ၎င်းဥပဒေနှင့် မူဝါဒများသည် ပြည်သူများအတွက် ဘယ်လောက်အကျိုးရှိမည်ကို ပြည်သူများသိရှိရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များရှိပါက … Read more
-
မြေပြိုမှုတိုင်းတာစက်တပ်ဆင်ခြင်းနှင့် Disaster Workshop in Hakha Road Map to Landslide Disaster Prevention and Mitigation အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ပူးပေါင်း၍ (၁၂-၃-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့၌ မြေပြိုမှုတိုင်းတာစက်ကို တပ်ဆင်ခဲ့ပြီး (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့နယ်၊ စုပေါင်း ရုံးခန်းမ၌ Disaster Workshop in Hakha Road Map to Landslide Disaster Prevention and Mitigation အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အမှုထမ်းများ၊ စုစုပေါင်းလူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ငါးမြင်းချောင်းကျေးရွာ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၁၂း၅၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၈) စုမှလူဦးရေး (၃၄) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့်ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ နေအိမ် (၉) လုံးအတွက် ထောက်ပံ့ငွေ (၁၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၇၁၄၀၀) ကျပ်နှင့် အိမ်ထောင်စု … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၉) ရက်နေ့၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ်ခြေ (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ဝ/-)၊ ဘေးသင့်ပြည်သူ (၄၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈၇၀၀/-)နှင့် အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၇) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၃-၃-၂၀၁၉) ရက်နေ့တွင်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fir #rke_mar 2019
-
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
နေပြည်တော်၊ မတ် ၁၃ (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံခေါင်းဆောင်များက သဘောတူညီခဲ့ကြသော ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာ ကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသဘောတူညီချက်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အာဆီယံ အတွင်းရေးမှူးချုပ်၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ … Read more









