မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ငါးမြင်းချောင်းကျေးရွာ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၁၂း၅၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၈) စုမှလူဦးရေး (၃၄) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့်ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ နေအိမ် (၉) လုံးအတွက် ထောက်ပံ့ငွေ (၁၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၇၁၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၈) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား ငါးမြင်းချောင်းကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦး စီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၄-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#hl_fir
#ayy_mar2019
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)