လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ပူးပေါင်း၍ (၁၂-၃-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့၌ မြေပြိုမှုတိုင်းတာစက်ကို တပ်ဆင်ခဲ့ပြီး (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့နယ်၊ စုပေါင်း ရုံးခန်းမ၌ Disaster Workshop in Hakha Road Map to Landslide Disaster Prevention and Mitigation အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အမှုထမ်းများ၊ စုစုပေါင်းလူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#chn_mar2019
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)