Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၉) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၀:၃၀)နာရီ အန်ထိ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ကန့်သာရုံကျေးရွာ၊ လူထုနာနေဆောင်တွင် သဘာဝဘေးအန္တရာယ်ဆိုင် ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးမဖြစ်ပွားမှီ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက် ရမည့် နည်းလမ်းများကို ဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာနေပြည်သူ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပြီး … Read more
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ သာရဝေါကျေးရွာတွင် (၁၆.၃.၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ရေဂယက်ရိုက်ကာ (၂၅)ဦးပါစက်လှေ တိမ်းမှောက်၍ အမျိုးသမီး(၆)ဦးရေနစ်သေဆုံးသွားခဲ့ပါသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၈.၃.၂၀၁၉)ရက်နေ့တွင် သေဆုံးသူ(၆)ဦးအတွက် သေဆုံး(၁)ဦးလျှင်(၃၀၀၀၀၀ိ/-)နှုန်းဖြင့် (၁၈,၀၀,၀၀၀ိ/-) အားကျန်ရစ်သူမိသားစုများ၏လက်ဝယ်သို့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးတို့နှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_mar2019 Source – ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့က သီးခြားစီလာရောက် တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mr. Hong Liang ဦးဆောင်သောအဖွဲ့နှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. Alan Doss ဦးဆောင်သောအဖွဲ့တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများရှိ တိုက်ပွဲရှောင်ဒုက္ခသည်များနှင့် ပတ်သက်၍ ၎င်းတို့၏ လူမှုဘဝ ပြန်လည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ လိုပူခေါင်းစောင်းကျေးရွာသို့ (၁၈-၃-၂၀၁၉)ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁)စီး သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရှိရပါသည်။ #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၃-၂၀၁၉)ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာက မြင်ကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာ၌ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၁)စု လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀) ကျပ်နှင့် (၃၇,၃၅၃) ကျပ် တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင် စု (၁) စုစာတို့အား (၁၈-၃-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_fir #krn_mar2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကာကွယ်ရေးပြည်သူများသို့ပြန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၈-၃-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ(၁၈၀)ဦးတို့အား ဦးစီး ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ ရပ်/ကျေးအဆင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ယခုအချိန်တွင်ဖြစ်ပေါ်နေသည့်လေပြင်း ဘေးကာကွယ်ရေးပြည်သူများသို့ပြန်ကြားချက်လက်ကမ်းစာစောင်များကို ရာအိမ်မှူးများမှတစ်ဆင့် ပြည်သူများ အသိပညာပေးနိုင်ရေးဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။ #ar #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၁၉)ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ ရပ်ကွက်/ကျေးရွာအုပ်စုမှအုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေးစာရေးများနှင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၇၀) ဦးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။ #ar_sgw #ayy_mar2019 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၉)ရက်နေ့တွင် သဘာဝဘေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို (၁၀:၀၀)နာရီမှ(၁၁:၃၀)နာရီအထိ မော်လမြိုင်မြို့ မြိုင် သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၇၀)ဦးခန့်ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_mar2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၈-၃-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ လစဉ်၊ လဝက်နှင့် လကုန်ရက်တို့တွင် ကျင်းပလျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဌာနဆိုင်ရာဝန်ထမ်း (၃၄) ဦး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၈) ဦး၊ ရာအိမ်မှူး (၃၃၈) ဦး၊ စုစုပေါင်း (၄၂၀) ဦးတို့အား လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #ayy_mar … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ် ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ (၁၁-၃-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၁,၂၀၀) ကျပ်အား (၁၈-၃-၂၀၁၉)ရက်နေ့ နေ့လည် (၁၁:၀၀)နာရီ အချိန်တွင် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_mar2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









