လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၉) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၀:၃၀)နာရီ အန်ထိ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ကန့်သာရုံကျေးရွာ၊ လူထုနာနေဆောင်တွင် သဘာဝဘေးအန္တရာယ်ဆိုင် ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးမဖြစ်ပွားမှီ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက် ရမည့် နည်းလမ်းများကို ဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာနေပြည်သူ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရပါသည်။
#ar
#chn_mar2019
Source:ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)