Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း တဲတိုက်နှင့် စမ်းရိုးအနီး တဲတိုက်စုများရှိ အိမ်ခြေ(၁၀၀) အိမ်ထောင်စု (၁၂၂) လူဦးရေ (၄၈၇)ဦးတို့ကို သောက်သုံးရေဂါလံ (၆၀၀၀)တို့အား (၃၁.၃.၂၀၁၉)ရက်နေ့ (၀၉း၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်စန်း ဦးဆောင်သောအဖွဲ့သည် (၃၁-၃-၂၀၁၉) ရက်နေ့ နံနက် (၁၀း၃၀)နာရီမှ (၁၃း၃၀)နာရီအချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန များနှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ်၊ နန်းသီကျေးရွာမူလတန်းကျောင်း(ခွဲ)တွင် ကျေးရွာသူ/သား စုစုပေါင်း(၁၀၄)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်နှင့်နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၁၉) ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု အေးချမ်းသာယာရပ်ကွက်မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂) စုစာ အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂)သိန်း ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် ဆန်ဘိုး(၂၁၀၀၀/-)ကျပ် စုစုပေါင်း (၂၂၁၀၀၀/-)ကျပ်တို့အား (၁.၄.၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် သွားရောက်ထောက် ပံ့အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_apr2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၃.၂၀၁၉) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးအုပ်စု အောက်ကင်းအနောက်ကမ်းကျေးရွာ၌ မီးဘေးသင့်ခဲ့သည့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုး(၃)သိန်း ဘေးသင့်သံဃာ (၁)ပါးအတွက် သင်္ကန်း (၁)စုံဘိုး (၃၅၀၀၀/-) စုစုပေါင်း (၃၃၅၀၀၀/-)ကျပ်တို့အား (၂၉.၃.၂၀၁၉)ရက်နေ့ (၁၆း၁၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fir #tny_apr2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ထူထောင်ရေး တွေ့ဆုံဆွေးနွေးမှုသတင်း
၃၁-၃-၂၀၁၉၊ ကချင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖားကန်မြို့ သို့ရောက်ရှိပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကျောက်မျက်ကုမ္ပဏီများ၏ ပျိုးဥယျဉ်တွင် မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပိတ်သိမ်းပြီးသက်တမ်း ကုန်လုပ်ကွက်မြေနေရာများတွင် မြေများပြန်ဖို့၍ မန်ဂျန်ရှားပြန်လည်စိုက်ပျိုးပြီး ဖြစ်ထွန်း အောင်မြင်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ဖားကန့်ဒေသတွင် (၂၀၁၆) မှ (၂၀၁၈) ခုနှစ်အထိ မန်ဂျန်ရှားပင် (၁.၄) သိန်းကျော် စိုက်ပျိုးထားရှိပြီး၊ (၂၀၁၉) … Read more
-
လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၃၀∕၃၁-၃-၂၀၁၉)ရက်နေ့များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း အသိပညာပေးလုပ်ငန်းများအပြင် လေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ Dry Zone Network မှ CBO ဦးရဲထွဋ်၊ Guardian Network မှ စီမံကိန်းမန်နေဂျာ ဦးလင်းသူအောင်၊ Pakokku … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ်၊ ကျွဲရိုင်းခတ်ကျေးရွာအုပ်စု၊ စက်ခေါ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ(၂၅၇)ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန် (၃၇)အိတ် (၁၁)ပြည်( ၄)ဘူး၊ ဆီ( ၄၄.၉၇၅)ပိသာ၊ ဆား (၈.၉၉၅)ပိသာ၊ ပဲ (၁၇၉.၉)ပိသာ တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးဦးမောင်မောင်ကြီး၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဟိန်းကျော်တို့နှင့်အတူ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။ #ha_otr #rke_mar2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃၁-၃-၂၀၁၉)ရက်နေ့(၀၄:၅၅) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ဥယျာဉ်စုအုပ်စု ဦးကျေးရပ်ကွက်တွင်နေအိမ်(၂) လုံးမီး လောင်ကျွမ်းခဲ့သည့်အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ် မီးဘေးသင့်လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာဖိုးငွေ(၁၄,၇၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ(၃၁၄,၇၀၀) ကျပ်နှင့် (၇၅,၃၆၂) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #npw_mar2019 Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး(ဘစမ)
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပြီးစီးခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးအား ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများသည် (၂၈-၃-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဌာနဆိုင်းဘုတ်အား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပြီး ယာယီရုံးဖွင့်ပွဲအား ဖွင့်လှစ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #mar_2019 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၅/၂၀၁၉)
============================================ (၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================ “ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ညနေမှ (၄.၄.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။” ============================================ … Read more









