Category Archives: News
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ် (၁) ရပ်ကွက်နှင့် ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာတို့တွင် (၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ကြောင့် ဘေးသင့်အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၈၈) ဦးတို့ အတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၄) ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ တစ်အိမ်ထောင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၁၃) အိမ်ထောင်အတွက် (၁၃၀၀၀၀၀) ကျပ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီး … Read more
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ (၇)မိုင်ကျေးရွာအုပ်စု၊ လွင်ဦးကျေးရွာတွင် (၈-၄-၂၀၁၉)ရက်(၂၁း၁၅) နာရီအချိန်၌ အိမ်ရှင်ဒေါ်ပြုံးရီ(၄၇)နှစ်၊ (ဘ)ဦးချစ်မောင်၏ နေအိမ်တွင်အိမ်နောက်ရှိ မီးဖိုချောင်တွင် ထင်းမီးဖြင့်ခေါက်ဆွဲပြုတ်စားပြီး မီးကြွင်း မီးကျန်များသေချာငြိမ်းသတ် မှုမရှိခြင်းကြောင့် ဝါးကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု နှင့် လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ မအူပင်ရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၉) ရက်နေ့၌ မအူပင်မြို့နယ်၊ ဗျင်းဘွဲ့ကျေးရွာအုပ်စု၊ ဗျင်းဘွဲ့ကျေးရွာနှင့် အစွန်ကျေးရွာတို့၌ လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးရပ်မိရပ်ဖများ ကျေးရွာရှိ စေတနာ့ ဝန်ထမ်းလူငယ်များနှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဝမ်ကျုံးကျေးရွာ၌ (၁၂-၄-၂၀၁၉ ) ရက်နေ့ မနက် (၀၄:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၂) လုံးမီးဘေးသင့်ခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၇၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၇၃၀၀) ကျပ်တို့အား (၁၂.၄. ၂၀၁၉) ရက်နေ့ … Read more
-
(၁၂-၄-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်သောအပူချိန်စံချိန်သစ်
(၁၂-၄-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်သောအပူချိန်စံချိန်သစ်
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့နယ်အတွင်းရှိ ဒိုးဝိုင်းချောင်းကျေးရွာ၌ (၇-၄-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မှုကြောင့် အိမ်ခြေ (၂) လုံး ၊ ကျေးရွာအုပ်စု (၆) စုတို့တွင်လည်း (၈-၄-၂၀၁၉) ရက်နေ့ဖြစ်ပွားသော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ. (၄၉) လုံး၊ ကျေးရွာအုပ်စု (၃) စုတို့တွင်လည်း (၉-၄-၂၀၁၉) ရက်နေ့ဖြစ်ပွါးသော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၈) လုံးနှင့် ကလးဝမြို့နယ်တွင်လည်း (၉.၄.၂၀၁၉)ရက်နေ့၌ လေဘေးသင့်မှုကြောင့် ဘေးသင့်အိမ်ခြ (၂) လုံးတို့အား ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂.၄.၂၀၁၉) ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စုနှင့် ပန်းတောကြီးကျေးရွာ အုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအဖြစ်နေအိမ်များမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ပြည်သူ့အသံကြားနာပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူ ဖျာပုံခရိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်မြို့၊ ကုန်းကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့အသံကြားနာပွဲကျင်းပခဲ့ရာ ဦးစီးဌာနမှဆောင်ရွက်နေမှုများနှင့် ယခုအချိန်ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေအသိပညာပေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သောအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ လဲခုံလေးကျေးရွာတွင် (၁၁-၄-၂၀၁၉) နေ့၌ လေဘေးကြောင့်အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၂) လုံး၊ ၎င်းအိမ်ထောင်စု (၂) စုရှိလူဦးရေ (၁၁) ဦးတို့အတွက် (၁၈၅၁၀) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာကိုလည်းကောင်း ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၂၃၁၀၀) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၂) … Read more









