လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ လဲခုံလေးကျေးရွာတွင် (၁၁-၄-၂၀၁၉) နေ့၌ လေဘေးကြောင့်အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၂) လုံး၊ ၎င်းအိမ်ထောင်စု (၂) စုရှိလူဦးရေ (၁၁) ဦးတို့အတွက် (၁၈၅၁၀) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာကိုလည်းကောင်း ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၂၃၁၀၀) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၂) ချပ်ကိုလည်းကောင်း (၁၂-၄-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။# ha_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)