Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၅၈)လုံးနှင့် ပြိုကျနေအိမ်(၇)လုံးအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၉၀၀,၀၀၀)ကျပ်၊ (၅၈)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး နှင့် (၇)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ မင်းချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ပြိုကျနေအိမ် (၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁,၀၁၉,၀၀၀)ကျပ်တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့က ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးကျေးရွာအုပ်စု၊ ရေဆုံးကျေးရွာနှင့် မလွှကုန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၅၆,၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၅၆,၇၀၀)ကျပ်နှင့် (၂၁,၁၆၈)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၆)အိမ်ထောင်စာ တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉)ရက်နေ့ (၁၈၀၀)နာရီအချိန်က တောင်ကြားကျေးရွာအုပ်စုနှင့် သရက်ချဉ်ကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်သွားသော အိမ်ခြေ/အိမ်ထောင်စု(၅၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကိုယ်ထူကိုယ်ထဆောက်ထားသောကျောင်းဆရာနေအိမ် (၁)လုံးတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁,၃၄၅,၀၀၀)အား ဘေးသင့်သူများထံသို့ (၁၉-၄-၂၀၁၉)နေ့ တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာ၌ (၁၉-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး မီးဘေးသင့်ခဲ့၍ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉)ရက်နေ့နှင့် (၁၇-၄-၂၀၁၉)ရက်နေ့တို့က မင်းတုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာတွင်(၅)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သော အိမ်ခြေ(၁၃)၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၅၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၁,၃၀၀)နှင့် နေအိမ်(၁၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၂၅,၀၀၀)၊ ရန်ပုံငွေစုစုပေါင်း (၄၃၆,၃၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၃-အိမ်ထောင်စာ)တို့အား (၁၉-၄-၂၀၁၉) ရက်နေ့တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူဦးရေ (၁၃)ဦးအတွက်ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ(၁၁၇,၀၀၀)ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီပိန္နဲတောကျေးရွာရှိတိုက်ပွဲရှောင်ပြည်သူ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ (၁၇၁,၀၀၀)ကျပ်တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။
-
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ပြည်သူသို့ အသိပညာပေးရေးနှင့် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများညှိနှိုင်းဆွေးနွေး
ဧပြီ ၁၉၊ နေပြည်တော် ကမ္ဘာ့ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးပါသည်။ ဆွေးနွေးမှုများအရ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ် မိမိဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများဖြစ်သော ရေရှားပါးသည့်ဒေသများတွင်ရေပေးဝေရေး၊ ရေရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်သည့်နေရာများဖော်ထုတ်ရေး၊ အသိပညာပေးလုပ်ငန်းများ၊ ဆောင်ရွက်ရေးနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများကိုဆွေးနွေးဖော်ထုတ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်၊ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၄.၄.၂၀၁၉)ရက်နေ့က ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁-အိမ်ထောင်စာ) အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးကြောင့်ပျက်စီးမှုအခြေအနေများအား မြေပြင်ကွင်းဆင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စည်ပင်ဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် အတူ (၁၈-၄-၂၀၁၉)ရက်နေ့ (၁၈၀၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်မူကြောင့် အမိုးလန်ပျက်စီးသွားသော လူနေအိမ်များ၊ ဘုန်ကြီးကျောင်းများကို ထောက်ပံ့နိုင်ရေးအတွက် မြေပြင်တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။









