စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၅၈)လုံးနှင့် ပြိုကျနေအိမ်(၇)လုံးအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၉၀၀,၀၀၀)ကျပ်၊ (၅၈)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး နှင့် (၇)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events