ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ မင်းချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာသွန်းမှုကြောင့်  အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊  ပြိုကျနေအိမ် (၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁,၀၁၉,၀၀၀)ကျပ်တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events