Category Archives: News
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော မြိတ်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာနှင့် တောင်ဖီလာကျေးရွာတို့မှ ပြည်သူများအတွက် သောက်သုံးရေ စုစုပေါင်း ဂါလံ(၂၄၀၀)အားသွားရောက်လှူဒါန်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_drg # tny_ apr2019
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ် (၁)စီး၊ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာသို့ ဂါလံ (၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်းရေသယ်ယာဉ်(၂)စီးဖြင့် ဒီမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများအတူ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစုစောင့်ရှောက် ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများနှင့် ကလေးပြုစုရေးဌာနများရှိ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များအား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မုံရွာဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်နာယူ ပူဇော်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၁၉) =================================== ၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတင်း ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ======================== (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ”(FANI)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့ဘက် မိုင်(၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့တွင် ရေလာကျေးရွာအုပ်စု၊ ရေလာလေးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေဌခြင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၁၇၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအား ပံ့ပိုးကူညီခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီး ဌာနက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair (၅၀)စီး လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအတွက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wheel Chair (၅၀)စီးကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ် ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်။ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တည်ထောင် ကျေးရွာအုပ်စု၊ ကြံဖိုတဲစုကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် ပျက်စီးဆုံရှုံးခဲ့သည့် လူနေ အိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀ိ/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၂၁၀၀ိ/-) ကျပ်နှုန်း၊ (၇) ရက်စာ (၁၄၇၀၀ိ/-) ကျပ် စုစုပေါင်း (၄၁၄၇၀၀ိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း … Read more
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
====================================================== Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ====================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကံကြီးကုန်း(တဲတိုက်) ရှိ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၅၆၀) ဦးခန့်အတွက် သောက်သုံးရေ (၆၀၀၀) ဂါလံကို (၂၇-၄-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
-
နတ်တလင်းမြို့နယ် မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
====================================================== Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ====================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ ကညင်ကန်ကျေးရွာအုပ်စု၊ ကညင်ကန်ကြီးကျေးရွာ၌ (၂၅-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာတို့အား (၂၇-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် နတ်တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၁ ဦးမောင်မောင်ဦး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
======================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ======================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့တွင် သထုံမြို့နယ်အတွင်း သောက်သုံးရေရှားပါးပြတ်လတ်နေသည့် လိပ်အင်းရပ်ကွက်မှ အိမ်ခြေ (၂၅၀)၊ အိမ်ထောင်စု(၂၅၀)၊ လူဦးရေ(၁၈၀၀)ဦးတို့အတွက် သောက်သုံးရေဂါလန်(၁၅၀၀)အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။









