
======================================================
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
======================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကံကြီးကုန်း(တဲတိုက်) ရှိ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၅၆၀) ဦးခန့်အတွက် သောက်သုံးရေ (၆၀၀၀) ဂါလံကို (၂၇-၄-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။