Category Archives: News
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၇/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ————————————— မုန်တိုင်းငယ်အခြေအနေ ============================ (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ်တွင် ရောက်ရှိနေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့(Dhaka)၏ မြောက်-အနောက်မြောက်ဘက် (၆၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ————————————- (က) မုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၅.၂၀၁၉)ရက်နေ့ နေ့လည်(၁၃း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်း (၂.၅.၂၀၁၉)ရက်နေ့ ကကျေးရွာအုပ်စု (၅)စုတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့်ပြိုလဲနေအိမ်(၃)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံး၊ စုစုပေါင်းထိခိုက်ပျက်စီးနေအိမ်(၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၇,၀၀ဝ)ကျပ်၊ပြိုလဲနေအိမ်(၃)လုံးမှ ဘေးသင့်ပြည်သူ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးပါ)(၃)ပုံး၊စုစုပေါင်းထောက်ပံ့ငွေ (၃၇၈,၅၀၀)ကျပ်တိတိကို သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများကို လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် ကောလင်းမြို့နယ်၊ ဥမှင်ကုန်းအုပ်စု၊ ဥမှင်ကုန်းကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၅၀) ဦးတက် ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာမှုန့်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar #sgg_may2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
( ၃၀-၄- ၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့ နယ်၊ပန်းတင်းအင်းကျေးရွာအုပ်စု၊ ညေါင်ပင်ဆိပ်ကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀)အား (၃-၅-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့ (၁၅:၀၀) နာရီတွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအုပ်စု၊ ကန့်ဒေါင့်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ရွာသူရွာသား (၁၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #sgg_may_2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာ ပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may_2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာရှိ အိမ်ထောင်စု (၃၀၃) စုမှ လူဦးရေ (၂၁၀၀) ခန့်အတွက် သောက်သုံးရေဂါလံ (၃၂၀၀) ခန့် စုစုပေါင်းကုန်ကျငွေ (၂၀၄၀၀၀) ကျပ်အား ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #sgg_may_2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================= အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ———————————- (က)ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ပေါ်တွင် တည်ရှိနေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဖန်နီ”(FANI)သည် အရှေ့-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ခရစ်ခ်ျနာ နာဂါမြို့(Krishnanagar)၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာတွင် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ နောက်(၆)နာရီအတွင်းခန့်မှန်းချက် —————————— (က) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
( ၃၀-၄- ၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာဘောလုံးကွင်း အနီးတွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀)နှုန်းဖြင့် (၆၀၀,၀၀၀) နှင့် ထိခိုက်ဒဏ်ရာရသူ(၃)ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) နှုန်းဖြင့် (၁၅၀၀၀၀)၊ စုစုပေါင်း (၇၅၀,၀၀၀)အား(၃-၅-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
( ၂၉-၄- ၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူ မြို့နယ်၊ ဇါဒီကျေးရွာတွင် နေအိမ်အနောက် ဘက် မီးဖိုးခန်းရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၁)လုံးပျက်ဆီးခဲ့ပါသဖြင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာဖိုး(၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်အား ( ၃-၅-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_fir #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









