လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မယ်ဇတောကျေးရွာရှိ အိမ်ထောင်စု (၃၀၃) စုမှ လူဦးရေ (၂၁၀၀) ခန့်အတွက် သောက်သုံးရေဂါလံ (၃၂၀၀) ခန့် စုစုပေါင်းကုန်ကျငွေ (၂၀၄၀၀၀) ကျပ်အား ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg
#sgg_may_2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)