
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၅.၂၀၁၉)ရက်နေ့ နေ့လည်(၁၃း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်း (၂.၅.၂၀၁၉)ရက်နေ့ ကကျေးရွာအုပ်စု (၅)စုတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့်ပြိုလဲနေအိမ်(၃)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံး၊ စုစုပေါင်းထိခိုက်ပျက်စီးနေအိမ်(၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၇,၀၀ဝ)ကျပ်၊ပြိုလဲနေအိမ်(၃)လုံးမှ ဘေးသင့်ပြည်သူ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးပါ)(၃)ပုံး၊စုစုပေါင်းထောက်ပံ့ငွေ (၃၇၈,၅၀၀)ကျပ်တိတိကို သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများကို လက်ဝယ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)