Category Archives: News
-
ဖျာပုံမြို့နယ်တွင် မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့၊ မြို့လည်ခေါင်တွင် စိုက်ထူထားသည့် ရာသီအလိုက်ဖြစ်ပွားတက်သည့် သဘာဝဘေးများ အသိပညာပေးဗီနိုင်းပိုစတာကို မိုးရာသီ ရောက်ရှိ လာပြီးဖြစ်ပါသဖြင့် မုန်တိုင်းဘေးဗီနိုင်းပိုစတာကိုအသစ်လဲလှယ်တပ်ဆင်ခြင်းပြုလုပ်ဆောင်ရွာက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # ayy_jun2019
-
မြစ်ကြီးနားမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်၊ နယ်မြေ(၄)၌ (၉- ၆-၂၀၁၉) ရက်နေ့ (၀၈:၅၀) နာရီအချိန်ဖြစ်ပွားခဲ့သည့်မီးဘေးတွင် လူနေအိမ် (၁) လုံးမီးဘေး သင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး(၁၂၆၀၀/-) ကျပ်၊ စုစုပေါင်း (၂၁၂၆၀၀/-) … Read more
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့်အသိပညာများဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉) ရက်နေ့၌ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် (အ.ထ.က) တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့် အသိပညာများဆွေးနွေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်နှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #krn_jun2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်မှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့နှင့် (၉-၆-၂၀၁၉) ရက်နေ့များတွင် ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး ကျင်းပသော သာပေါင်းမြို့၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု သင်္ကန်းပင်ဆိပ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ကျေးရွာသူ/ ကျေးရွာသား (၂၀၀) ဦးဖြင့် ကျင်းပခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #simex_fld #ayy_jun2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ဘူးကူးကျေးရွာအုပ်စု၊ ဒေါ်ဘူးကူးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၈၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်၊ ဆန်းချီမူလွန်ကျောင်း၌ ကျောင်းသား/သူစုစုပေါင်းလူဦးရေ (၂၅၀)ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပို့ချခဲ့ကြောင်းနှင့် မိုးကြိုးဘေးဗီနိုင်ပိုစတာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် (၇-၆-၂၀၁၉) ရက်တွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂၆) စုမှ လူဦးရေ (၁၈၈၉) ဦးတို့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နှင့် ပေါက်တောပြင်ကျေးရွာများတွင် ယာယီခိုလှုံလျက်ရှိပါသည်။ အဆိုပါတိုက်ပွဲ ရှောင် အိမ်ထောင်စု (၇၂၆) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (တန်ဖိုး၇၁၃၆၅၈၀/-) ကျပ်နှင့် လူဦးရေ (၁၈၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၇၀၀၁၀၀၀/-) ကျပ်၊ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့၊ နံနက် ပိုင်းတွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာအုပ်စု၊ ပိန်းတောကြီးကျေးရွာနှင့် ပိန်းတောလေးကျေးရွာရှိအိမ်ခြေ (၉၄) လုံး၊ လူဦးရေ (၄၃၀) ဦးအတွက် သောက်ရေသန့်(၂၀) လီတာဘူး (၉၄) ဘူးနှင့် ညနေပိုင်းတွင် သံတွဲမြို့နယ်၊ ပဒဲကော ကျေးရွာအုပ်စု၊ မြုံချောင်ရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၀) လုံး၊ လူဦးရေ (၃၂၀) ဦးအတွက် သောက်ရေသန့် (၂၀) လီတာဘူး (၇၀) … Read more
-
မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်။ ညောင်ဘီးကျေးရွာအုပ်စု၊ ညောင်ဘီးကျေးရွာ၌ (၅-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၇) ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၃၅၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)စုစာအား (၈-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း လစဉ်အစည်းအဝေး ကျင်းပ
ဇွန် ၈၊ နေပြည်တော် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားရာတွင် ဆောက်လုပ်လှူဒါန်းမှုအား အရည်အသွေးစံချိန်စံညွှန်းမီစွာဖြင့် ငလျင်ဒဏ်ခံနိုင်သော ခေတ်မီအဆောက်အဦဖြစ်လာရန် ဝိုင်းဝန်း ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေးစစ်ဆေးမှုကို အဖွဲ့များဖြင့် မပြတ်ကြီးကြပ်ရန် အပြင် … Read more









