Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥရောပသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၁၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပ သမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီး ဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာစာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်(ICESCR)စသည့် လူ့အခွင့်အရေး ပင်မ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉) ရက်နေ့တွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ (အ-မ-က) ပိန္နဲတောကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားဦးရေ (၁၀၀) ကျော်တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်ခေါင်ရင်းအုန်းပင်ပြိုကျမှုကြောင့် လူနေအိမ် (၁) အိမ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ သောကြောင့် အဆိုပါ ဘေးသင့်နေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉)ရက်နေ့ နံနက်(၉း၀၀)နာရီမှ(၁၁း၀၀)နာရီထိ မိုင်းဖြတ်မြို့ အ-လ-က (ပါဆန်း)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (ကွက်သစ်ပိုင်း) နှင့် ချောင်းဆင်း(တဲတိုက်) ရှိရွာနေ ပြည်သူအိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင်စု (၁၃၃) စု၊ လူဦးရေ (၆၄၀) ဦးတို့အတွက် သောက်သုံး ရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးလက်အောက်ရှိ မင်းဘူးခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို (၁၃-၆-၂၀၁၉)ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ အခမ်းအနားကို အပိုင်း(၂)ပိုင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၁)အရ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ တွင် မင်းဘူးခရိုင်အတွင်း သဘာဝဘေးများဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ အခမ်းအနားအစီအစဉ်(၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ ခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း အခမ်းအနားကို (၀၉း၀၀) အချိန် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_jun2019 Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီမှ (၃:၀၀) နာရီထိ မိုင်းဖြတ်မြို့ (အ.ထ.က) (ဟိုနား) ကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတားများဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၁၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည့်ကိစ္စများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာပူးတွဲကြေငြာချက် … Read more
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဆင်းပွဲနှင့် သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း
ဇွန် ၁၂၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ပူးပေါင်း ဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး သင်တန်းဆင်းပွဲနှင့် ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး၊ သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူအတွက် ဘေးအန္တရာယ်ဆိုင်ရာ နှင့်ပတ်သက်လျင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ၊ ဘေးဖြစ်ပွားခဲ့လျင် အလျင်အမြန် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပါကြောင်း၊ ဆောင်ရွက် သည့်နေရာတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့်အထူးသဖြင့် လူ့အသက်ဆုံးရှုံးမှုများမရှိစေရန် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ခွါပီးကျေးရွာအုပ်စု၊ ခွါပီးကျးရွာတွင် (၉-၆-၂၀၁၉) ရက်နေ့ (၁၃:၅၀) နာရီအချိန်၌ မိုးရွာသွန်းနေစဉ်အတွင်း မိုးကြိုးပစ်၍ မိုးကြိုးလျှပ်စီးလိုက်မှုကြောင့် ဒဏ်ရာရ ပြည်သူ (၂) ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်အား ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသို့ (၁၂-၆-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_tls #chn_jun2019 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









