ဇွန်လ ၁၃၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပ သမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီး ဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာစာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်(ICESCR)စသည့် လူ့အခွင့်အရေး ပင်မ စာချုပ်ကြီး(၄)ခုကို မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ခဲ့သည့်ကိစ္စများ၊ CRC ၏နောက်ဆက်တွဲအခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြု စာချုပ် (OPAC) ကို လက်မှတ်ထိုးခဲ့ပြီး ယခုနှစ်အတွင်း (OPAC) ကိုအတည်ပြုပါဝင်ရန်နှင့် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည့်အခြေအနေများ၊ လူ့အခွင့်အရေးကောင်စီ၏ UPR သို့ ၂၀၂၀ ခုနှစ်တွင် အစီရင်ခံစာတင်သွင်းရန်ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဆိုးရွားသော ကျူးလွန်မှု(၆)မျိုးကိုကာကွယ်ရန် အမျိုးသားကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ပူးတွဲ ကြေငြာချက်(Joint Communiqe)အား အကောင်အထည်ဖော်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် UEHRD အပါအဝင် သက်ဆိုင်ရာကော်မတီအသီးသီးနှင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ ညှိနှိုင်းဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် လက်ရှိအခြေအနေအပေါ် မူတည်၍ ပြန်လည်ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပါဝင်ဆောင်ရွက်မည့် အနေအထားနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) မှ ရခိုင် ပြည်နယ်ဖြစ်စဉ်များ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး၍ တာဝန်ခံမှုကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်မည့် အခြေ အနေများ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းနိုင်ရေး အတွက်အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှုပြီးစီးတော့မည့်အခြေအနေများ၊ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည် နေရာချထားရေးအတွက် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီးနောက် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)နှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_jun2019
Source: MSWRR