လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်ခေါင်ရင်းအုန်းပင်ပြိုကျမှုကြောင့် လူနေအိမ် (၁) အိမ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ သောကြောင့် အဆိုပါ ဘေးသင့်နေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)