Category Archives: News
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉)ရက်နေ့၊(၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၁.၆.၂၀၁၉)ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်နှင့် အဖျောက်မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ချင်းကုန်းကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကလော့သော့ကျေးရွာအုပ်စု၊ ပနီပင်ကျေးရွာအုပ်စု၊ ကျုံတကင်းကျေးရွာအုပ်စုများရှိ နေအိမ်များမှ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့၍ နေအိမ် (၁၃)လုံး အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၆၆၀,၀၀၀/-) နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၁၃၂,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၉၂,၃၀၀/-)တို့ကို (၁၄.၆.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သထုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ (၁၄း၄၅)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ အကွက်(၅)၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဦးအောင်မြင့်၊ အသက်(၆၀)နှစ်၊ (ဘ)ဦးမောင်အေး၏ သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း နေအိမ်၊ အမိုးသွပ် (၄၂)ချပ် လွှင့်စင်ပျက်စီးခဲ့မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၃၃၆,၀၀၀/-)ခန့် ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း … Read more
-
သထုံခရိုင်ဦးစီးမှူးရုံးမှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၆.၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ (ဘုန်းကြီး ကျောင်း)တွင် ပြည်သူလူထုအင်အား စုစုပေါင်း(၁၀၀)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ပြည်နယ်လွှတ်တော် ဘဏ္ဍာ ငွေရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးတွင် တည်ဆောက်နေသည့် (၇၅ပေx၄၀ပေx၃၆ပေ) RCC (၃) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေအား (၁၄.၆.၂၀၁၉) ရက်နေ့တွင် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #krn_jun2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအရှေ့ပိုင်း၊ဦးသောင်းငွေ(တဲတိုက်)ရှိကျေးရွာနေပြည်သူအိမ်ခြေ (၁၀၃)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ (၅၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)ကို ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉)ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာနတို့နှင့် အတူပူးပေါင်း၍ ဟိုပန်ခရိုင်၊ ဟိုပန်မြိုနယ်အတွင်းရှိ သောက်သုံးရေရှားပါးနေသော ပန်လုံလမ်းရပ်ကွက်၊ မိန်းပန်း”ဝ”ရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက် (၃)ရပ်ကွက်တို့တွင် ရေဂါလံ(၈၈၀၀)ဂါလံကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_jun2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သုံးခွမြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြနန္ဒာလမ်း၊ မဟာဗောဓိပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းဝင်း ပင်မကျောင်းဆောင်အတွင်း၌ ၁၃-၆-၂၀၁၉ ရက်နေ့တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးအုပ်ညှပ် (၂) ထပ်ကျာင်းဆောင် (၁) ဆောင်မီးလောင်ဆုံးရှုံးခဲ့သဖြင့် လုံးဝပျက်စီးကျောင်းဆောင်အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် သင်္ကန်းဒွိစုံ (၁) စုံအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ကျောင်းထိုင်ဆရာတာ်၏လက်ဝယ်သို့ (၁၃-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉)ရက်နေ့ ညနေ(၁၄း၀၀)မှ (၁၆း၀၀)ထိ ကျိုင်းတုံမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၄၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲ ခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ဘစမ)
-
Cyclone shelter(၃)လုံးနှင့် Mutil Purpose (၂) လုံးခြံစည်းရိုးခတ်နိုင်ရန်အစည်းအဝေး ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြိူ့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန် ပုံငွေဖြင့် တည်ဆောက်နေလျက်ရှိသော Cyclone shelter(၃)လုံးနှင့် Mutil Purpose (၂) လုံးခြံစည်း ရိုးခတ်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍အစည်းအဝေးကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဠ်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်၊ မြို့နယ် တည်ဆောက် ရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာတာဝန်ခံများ၊ ကုမ္ပဏီတာဝန်ခံများ စုစုပေါင်း (၁၅) ဦးတက်ရောက်ကြပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး နှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၆.၂၀၁၉)ရက်နေ့နှင့် (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး၍ သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၌ ကျေးရွာသူ/သား၊ ကျောင်းသား/သူ (၁၃၀)ဦးခန့်အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲနှင့် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #simex_str #ayy_jun2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









