သထုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

14_Pic_03 14_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ (၁၄း၄၅)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ အကွက်(၅)၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဦးအောင်မြင့်၊ အသက်(၆၀)နှစ်၊ (ဘ)ဦးမောင်အေး၏ သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း နေအိမ်၊ အမိုးသွပ် (၄၂)ချပ် လွှင့်စင်ပျက်စီးခဲ့မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၃၃၆,၀၀၀/-)ခန့် ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ထောင်စု (၁)စုစာ တန်ဖိုးငွေ(၁၈,၅၁၀/-)ကျပ်တို့ကို  (၁၄.၆.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_jun2019

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events