ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

14_Pic_01 14_Pic_02

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉)ရက်နေ့၊(၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၁.၆.၂၀၁၉)ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်နှင့် အဖျောက်မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ချင်းကုန်းကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကလော့သော့ကျေးရွာအုပ်စု၊ ပနီပင်ကျေးရွာအုပ်စု၊ ကျုံတကင်းကျေးရွာအုပ်စုများရှိ နေအိမ်များမှ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့၍ နေအိမ် (၁၃)လုံး အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၆၆၀,၀၀၀/-) နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၁၃၂,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၉၂,၃၀၀/-)တို့ကို (၁၄.၆.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ygn_jun2019

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events