Category Archives: News
-
သထုံမြို့နယ်အတွင်း DAN Mobile Application အသုံးပြုပုံများနှင့်ပတ်သတ်၍ ကွင်းဆင်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ မြို့မဈေးနှင့် ဘင်လှိုင်ရပ်ကွက်တို့တွင် DAN Mobile Application နှင့်စပ်လျဉ်း၍ အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတေကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီမှုးရုံး
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် နောက်(၇၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင် သည်ဟု ခန့်မှန်းရပါသည်။ “
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော် ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား DAN Mobile Application နှင့် စပ်လျဉ်းသည့် အချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ လက်ကမ်းစာစောင်များ၊ ကြော်ငြာစတစ်ကာများဖြန့်ဝေခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီမှုး ရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့ (၁၀:၀၀)မှ(၁၂:၀၀) ထိ ကျိုင်းတုံမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၂၁၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန် များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 … Read more
-
ကရင် ပြည်နယ်၊ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့တွင် အ.ထ.က(တရုတ်လှ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/သူအင်အား (၂၀၀)ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ် သော သိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ဗလာစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
ဘီးလင်းမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၆-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီ မှ (၁၁:၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၌ ပြည်သူ လူထု အင်အား(၁၀၀)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင် မြောင်းမြမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဂုန်လျှော်စက်ရုံ)၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များဟောပြော ဆွေးနွေးခဲ့ပြီ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ဝန်ထမ်း(၂၀)ဦးတို့အား DAN Mobile Application မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအားသင်ကြားပို့ချပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့ နေ့လည် (၀၁၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက် သိုလှောင်ရုံတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထု စုစုပေါင်းလူဦးရေ (၇၀)ကျော်တို့အား သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေး DAN Mobile Application နှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများအား ဝေမျှခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် DAN mobile application မိတ်ဆက်ဖြန့်ချိမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာအုပ်စု ဗြိုက်ကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား DAN mobile application သုံးစွဲပုံအား မိတ်ဆက်ခြင်းဖြန့်ချိခြင်း များဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဧရာဝတီတိုင်ဒေသကြီးဦးစီးမှူးရုံး (ဘစမ)









