Category Archives: News
-
ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင်(၂၇.၆.၂၀၁၉)ရက်နေ့(၁၀း၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၆၇,၂၀၀)ကျပ် ၊အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်၊ စုစုပေါင်း(၆၆၇,၂၀၀)ကျပ်အား (၂၈.၆.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့၌ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ မင်းတပ်မြို့နယ်၊ ပြေကျေးရွာနှင့် မကျန်းကျေးရွာတို့တွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးမြေစိုက် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့က ရွှေကူမြို့နယ်၊ စီမူကြီးကျေးရွာအုပ်စု၊ နနင့်လန်ကျေးရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် (၂၈-၆-၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်ရုံးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့နံနက် (၁၃ဝဝ)နာရီမှ(၁၄ဝဝ)နာရီအချိန်တွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက် အလယ်တန်းကျောင်း၌ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ရှောင်ရန် ဆောင်ရန်းများနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသူ\သား ဦးရေ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော္ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့နံနက်(၀၉၃၀)နာရီမှ(၁၀၃၀)နာရီအချိန်တွင် ဗန်းမော်မြို့၊ (၃)မိုင်ရပ်ကွက်၊ ချမ်းမြေ့မဉ္ဇရီ သီလရှင်သင်ပညာရေးကျောင်း၌ ငလျင်ဘေး၊ မြေပြို၊ မိုးကြိုး ၊ရေဘေးနှင့် စပ်လျဉ်း၍ရှောင်ရန် ဆောင်ရန်းများ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသူ\သား ဦးရေ(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့နေ့လည်ပိုင်းတွင် အလက လွယ်မွန်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျွန်းရွာနှင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile App ဖြန့်ဝေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုတက်ရောက်လာသော ပြည်သူများထံသို့ မိုဘိုင်း App ဖြန့်ဝေပေးခြင်း၊ မော်လမြိုင်မြို့ လူစည်ကားသော စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် App ကြော်ငြာစတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် အလကခွဲ(ဆီဆိုင်) ဆီဆိုင်မြို့၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်ဘေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများပြသခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း (၂/၂၀၁၉) ကို (၂၅-၆-၂၀၁၉)ရက်နေ့မှ (၂၇-၆-၂၀၁၉)ရက်နေ့ထိဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်မှ မိုးကြိုးပစ်၍ သေဆုံးသူ (၁)ဦးအတွက် (၂၇-၆-၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀,၀၀ဝ)ကျပ် အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









