DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း

27_Pic_01 27_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျွန်းရွာနှင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile App ဖြန့်ဝေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုတက်ရောက်လာသော ပြည်သူများထံသို့ မိုဘိုင်း App ဖြန့်ဝေပေးခြင်း၊ မော်လမြိုင်မြို့ လူစည်ကားသော စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် App ကြော်ငြာစတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jun2019

Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events