Category Archives: News
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ (၂၈-၆-၂၀၁၉)ရက်နေ့ (၁၄ ၄၅)နာရီ မှ(၁၅ ၃၀)နာရီအထိ သင်တန်းသား (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် (DAN) Mobile Application အား တက်ရောက်လာသည့် သင်တန်းသားများအား အသုံးပြုပုံနည်းစနစ်များရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးအတွက် သွားရောက်ကူညီဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်မှ နေအိမ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းအမြင့်ပိုင်းမှ စီးဆင်းလာသောရေများ နေအိမ်အတွင်း ဝင်ရောက်မှုဖြစ်ပွားခဲ့မှုအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူဦးရေ (၁၅၇)ဦးတို့အား သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေး DAN Mobile Application မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးချနည်းများအား ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၁၉၈) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြပုံများ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
=============================================================== (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်မြောက်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ”
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application လက်တွေ့အသုံးချနည်း သင်ကြားပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့က မုံရွာမြို့နယ်၊ စုပေါင်းရုံးတွင် DAN Mobile Application နှင့်စပ်လျဉ်း၍ အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတေကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာတွင် ရွှေ့ပြောင်းပေးရသည့် ပြည်သူများအတွက်ထောက်ပံံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာ၌ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် ညောင်အိုင်ကျေးရွာ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာနှင့် ညောင်အိုင်ကျေးရွာများတွင် ရွှေ့ပြောင်းနေထိုင်ကြရ သော အိမ်ခြေ(၂၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁,၈၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၇၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁,၅၈၁,၃၀၀/-)ကျပ်၊ ဘုန်းကြီးးကျောင်း (၁) ကျောင်း ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၃,၄၈၁,၃၀၀/-)ကျပ်တို့ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၆-၂၀၁၉) ရက်နေ့တွင် … Read more
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ DAN Mobile Application အားဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉)ရက်နေ့က မြို့နယ်ထွေအုပ် လပတ်အစည်းအဝေးခန်းမတွင် DAN Mobile Application နှင့်စပ်လျဉ်း၍ အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတေကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြေစာရင်းရုံး၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၊ မီးသတ်ရုံးနှင့် ဈေးရှေ့ဘက် mobile ဆိုင်များတွင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း၌(၂၇-၆-၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီ မှ(၁၄၀၀)နာရီအထိ ကျေးရွာနေပြည်သူလူထု (၁၀၅)ဦးခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် (DAN) Mobil Applicationအား တက်ရောက်လာသည့်ပြည်သူ့လူထုအား အသုံးပြုပုံနည်းစနစ်များရှင်းလင်းပြောကြားခဲ့ပြီး လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၃၉)စုမှ လူဦးရေ(၁၆၆၂)ဦးအတွက် အစိုးရအဖွဲ့၏ (၂၅) ရက်နေ့ စာရင်းအရ စားနပ်ရိက္ခာ(၂)ပတ်စာ (ဆန်၊ဆီ၊ဆား၊ပဲ) တန်ဖိုး-(၁၀,၆၁၁,၉၃၈)ကျပ် အား (၂၈-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။









