သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာတွင် ရွှေ့ပြောင်းပေးရသည့် ပြည်သူများအတွက်ထောက်ပံံ့မှုသတင်း

28_Pic_01 28_Pic_02 28_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာ၌ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် ညောင်အိုင်ကျေးရွာ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာနှင့် ညောင်အိုင်ကျေးရွာများတွင် ရွှေ့ပြောင်းနေထိုင်ကြရ သော အိမ်ခြေ(၂၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁,၈၀၀,၀၀၀/-)ကျပ်၊  ဘေးသင့်လူဦးရေ (၇၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁,၅၈၁,၃၀၀/-)ကျပ်၊ ဘုန်းကြီးးကျောင်း (၁) ကျောင်း ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၃,၄၈၁,၃၀၀/-)ကျပ်တို့ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၆-၂၀၁၉) ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်း မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရွှေ့ပြောင်းကြရသည့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_jun2019

Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events