လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ (၂၈-၆-၂၀၁၉)ရက်နေ့ (၁၄ ၄၅)နာရီ မှ(၁၅ ၃၀)နာရီအထိ သင်တန်းသား (၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် (DAN) Mobile Application အား တက်ရောက်လာသည့် သင်တန်းသားများအား အသုံးပြုပုံနည်းစနစ်များရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။