Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ခမရ (၃၅၄) တပ်ရင်းသို့ ရောက်ရှိနေသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူမိသားစု (၁၁) စု၊ လူဦးရေ (၃၀) ဦးတို့အတွက် (၁) လစာ ဆန်၊ ဆီ၊ ဆား၊ ပဲများအား (၃-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင်း ကလော မြို့နယ်၊ အ.လ.က သရက်ပု၌ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးအား သဘာဝဘေး အသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောာင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုပ်စု (၂) စု (တောင်ပို့တစ်ရာနှင့် ဖားလက်ခို) ကျေးရွာ (၂) ရွာတို့၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းငွေ (၁၂၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်အားလည်းကောင်း၊ ဖားလက်ခိုအုပ်စု (ဖားလက်ခိုကြီးနှင့် ဖားလက်ခိုကျေးရွာတို့၌ (၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Application အကြောင်း ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၀၀)နာရီအချိန်ထိ မိုင်းဆတ်မြို့နယ်၊ ကာနရပ်ကွက် အလက ကျောင်းတွင် ကျောင်းသူ/ကျောင်းသား အင်အား (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် DAN application အကြောင်း ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Application အကြောင်း ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မိုင်းဆတ်မြို့နယ်၊ ကာနရပ်ကွက် အထက ကျောင်းတွင် ကျောင်းသူ/ကျောင်းသား အင်အား (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် DAN application အကြောင်း ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု (၂) စု၊ (ပေါက်တန်း ကြီးနှင့် ရဲကွင်း) ကျေးရွာ (၂) ရွာတို့၌ (၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်တို့အား (၃-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကဝမြို့နယ်၊ ဇွဲကိုက်ကျေးရွာအုပ်စု၊ ဇွဲကိုက်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့၌ (၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၃) အိမ်ထောင်စာတို့အား (၃-၇-၂၀၁၉) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၁၉) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသူ/သား (၃၀) ဦး၊ တက်ရောက်သူ အင်အား (၁၅၀) ဦးခန့်ဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၅-၇-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_jul2019
-
ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည် ကျွန်းကျေးရွာ၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၂၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၂,၉၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၆၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၈,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၂၃၈,၁၀၀/-) ကျပ်တို့အား (၃-၇-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး … Read more
-
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂) ဦးအား ပြန်လည်လွှဲပြောင်း ပေးအပ်မှုသတင်း
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂) ဦးအား ထိုင်းနိုင်ငံ၊ ကန်ချနာ ဘူရီ ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ၊ ထားဝယ်ဒေသရှိ အာဏာပိုင်များထံသို့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးမှ သံအမတ် ဒေါ်အိအိတင်၊ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှ တာဝန်ရှိသူများမှ (၂-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ဂိတ်၌ လာရောက်လွဲှပြောင်းပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးအား ထားဝယ်ခရိုင်၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားစိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် … Read more









