လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကဝမြို့နယ်၊ ဇွဲကိုက်ကျေးရွာအုပ်စု၊ ဇွဲကိုက်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့၌ (၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၃) အိမ်ထောင်စာတို့အား (၃-၇-၂၀၁၉) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jul2019

Sign Up

Upcoming Events