ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၂) ဦးအား ထိုင်းနိုင်ငံ၊ ကန်ချနာ ဘူရီ ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ၊ ထားဝယ်ဒေသရှိ အာဏာပိုင်များထံသို့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးမှ သံအမတ် ဒေါ်အိအိတင်၊ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှ တာဝန်ရှိသူများမှ (၂-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ဂိတ်၌ လာရောက်လွဲှပြောင်းပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးအား ထားဝယ်ခရိုင်၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားစိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ကော်မတီဝင်များက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြသည်။ ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆိုခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို (၁ရး၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံသား (၂) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁) လစာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေ (၁) လစာ၊ UNHCR က ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် တာဝန်ရှိသူများက ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာပြန်နိုင်ရန် ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#otr
#tny_jul2019