လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုပ်စု (၂) စု (တောင်ပို့တစ်ရာနှင့် ဖားလက်ခို) ကျေးရွာ (၂) ရွာတို့၌ (၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းငွေ (၁၂၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်အားလည်းကောင်း၊
ဖားလက်ခိုအုပ်စု (ဖားလက်ခိုကြီးနှင့် ဖားလက်ခိုကျေးရွာတို့၌ (၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးအိမ်ခြေ (၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံး စုစုပေါင်း အိမ်ခြေ (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၉၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၇၉,၈၀၀/-) ကျပ်တို့အားလည်းကောင်း (၃-၇-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် ပြည်သူများ လက်ဝယ်သို့အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events