Category Archives: News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ညောင်တုံးစု ကျေးရွာ အုပ်စု၊ အတွင်းနုံးကော်ကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာအုပ်စု၊ စခန်းချောင်းလေးကျေးရွာတို့၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ ဘေးသင့်ပြည်သူ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၁၈၉၀၀/-)ကျပ်၊ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကပ်ခိုကျေးရွာ အုပ်စု၊ ဇီးပင်ချောင်းကျေးရွာနှင့် ရေဘုတ်ကျေးရွာတို့၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း (အမိုးလန်) ပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ ဘေးသင့်ပြည်သူ (၁၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၃,၁၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးမှ သံရုံးယာယီတာဝန်ခံလာရောက်တွေ့ဆုံမှုသတင်း
ဇူလိုင် ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ရန်ကုန်မြို့ရှိ ဆွစ်ဇာလန်သံရုံး ယာယီတာဝန်ခံ Mr. Thierry Umbehr ဦးဆောင်သော အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနသည် လူမှုရေးအခြေခံအဆောက်အအုံများ တိုးတက်ခိုင်မာစေရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာချမှတ်၍ စီမံကိန်း (၈) ရပ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ Mine Action … Read more
-
စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့နှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၁.၇.၂၀၁၉) ရက်နေ့ နံနက်(၀၆း၃၀) နာရီအချိန်တွင် တိုင်းတာရရှိသော စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့နှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများ
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) ရက်နေ့ လွိုင်ကော်မြို့၊ အထက(၁) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်း သူ (၂၆၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_jul2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကလေးခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံ မြေပြင်လက်ကျန်စားရင်း ကောက်ယူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး(သိုလှောင်ရုံ) မြေပြင် လက်ကျန်စာရင်းအား ကောက်ယူပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #sgg_jul2019
-
ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) ရက်နေ့တွင် ဘားအံခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘားအံမြို့နယ် အ.ထ.ထ (၁) တွင် ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #eqk_simex #krn_jul2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာနှင့် ထူးကျေးရွာတို့တွင် (၉-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၃)လုံး၊ အိမ်ထောင်စု (၂၃) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂,၃၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၁၆,၃၀၀)ကျပ်နှင့် အိမ်ထောင်စု (၂၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးစီ တို့အား (၁၀-၇-၂၀၁၉)ရက်နေ့ (၁၃:၂၀)အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာ၌ (၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက်
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၃)ပေခန့်၊ ဗန်းမော်မြို့တွင် (၇) ပေခွဲခန့်နှင့် ရွှေကူမြို့တွင် (၄)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေများသည် မြစ်ကြီးနားမြို့နှင့် ရွှေကူမြို့တို့တွင် နောက်(၂)ရက်အတွင်းနှင့် ဗန်းမော်မြို့တွင် နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။ … Read more









