ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးမှ သံရုံးယာယီတာဝန်ခံလာရောက်တွေ့ဆုံမှုသတင်း

ဇူလိုင် ၁၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ရန်ကုန်မြို့ရှိ ဆွစ်ဇာလန်သံရုံး ယာယီတာဝန်ခံ Mr. Thierry Umbehr ဦးဆောင်သော အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာနသည် လူမှုရေးအခြေခံအဆောက်အအုံများ တိုးတက်ခိုင်မာစေရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာချမှတ်၍ စီမံကိန်း (၈) ရပ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ Mine Action Workshop အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးကိစ္စရပ်များ၊ လာမည့်အောက်တိုဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနမှ အဓိကတာဝန်ယူ၍ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည့်ကိစ္စရပ်များ၊ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးမဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှ နေရပ်စွန့်ခွာမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Walter Kalin နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ယင်းမဟာဗျူဟာအား အတည်ပြုနိုင်ရေး အခြေအနေများနှင့် ယခုအခါရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် လူမှုရေး အခြေခံအဆောက်အအုံနှင့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခဒဏ်ခံရသော ကျေးလက်ဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်ရှိလုပ်ထုံးလုပ်နည်းများနှင့် လျော်ညီစွာရေး ထိုးနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနတွင် Social Work Institute ထူထောင်ရန် လိုအပ်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းများလိုအပ်နေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events