Category Archives: News
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့တွင် ခန္တီးမြို့၊ ဈေးလမ်း၊ အထက ကျောင်းနောက်ဘက် ဈေးအရှေ့ဘက်တွင် ရေဘေးအန္တရာယ် အသိပညာ ပေး ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #sgg_jul2019
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့တွင် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ အနိမ့်ပိုင်းရှိ ရေဝင်ရောက်လျက်ရှိသော နေအိမ်များအား ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #sgg_jul2019
-
မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၄-၇-၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ
-
မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၄-၇-၂၀၁၉) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ
-
ဖယ်ခုံမြို့နယ်အတွင်းမှ ကြွက်များဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ရသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်တွင် ကြွက်များဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ခဲ့ရသောကျေးရွာအုပ်စု(၄)၊ စု ကျေးရွာပေါင်း( ၃၇) ရွာမှ အိမ်ထောင်စု (၁၉၉၆) စု၊ လူဦးရေ (၁၀၈၃၉) ဦး အတွက် အခြေခံစားကုန် ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ ရိက္ခာ(၁၄) ရက်စာ တန်ဖိုး (၆၂,၃၄၈,၅၂၀/-)ကျပ် အား ဖယ်ခုံမြို့နယ်ဆီးဘူးကျေးရွာရှိ ဆေးရုံသစ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ကယန်းတိုင်းရင်းသားဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှလည်း … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် (၁)ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ဗန်းမော်မြို့တွင် (၁)ပေခန့်နှင့် နောက်(၂) ရက်အတွင်း ရွှေကူမြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ချင်းတွင်းမြစ် … Read more
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်ဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့၊ အ.ထ.က(၁) ကျောင်းရှေ့၌ ယခင်က မုန်တိုင်းအသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၁၃-၇-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာ ဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
ရေဘေးအသိပညာပေးဆိုင်ဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်တွင် ရွှေမင်းဝံလမ်းဘေး၊ ကမ္ဘောဇဘဏ်လမ်းတောင်ဘက်ဈေးအနီး၌ စိုက်ထူထားသော မုန်တိုင်းအသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအသိပညာပေးဆိုင်ဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းနှင့် ဈေးအတွင်း၌ ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
ရေဘေးသင့်ပြည်သူများအတွက် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့မှုသတင်း
(၁၃-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့၊ ဧရာဝတီမြစ်ကမ်း ဘေးတစ်လျှောက်ရှိ မြစ်ရေဝင်ရောက်နေသော ကျေးရွာများသို့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စကခ (၂၁) မှ ဒုဗိုလ်မှူးကြီးနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သွားရောက်၍ သောက်သုံးရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #kcn_jul2019
-
ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဝင်အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်အိမ်ထောင်စု (၉) စုတို့အား မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့မှ ရေလွတ်ရာ လေးထပ် ကျောင်း ဓမ္မာရုံသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019









