လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်တွင် ရွှေမင်းဝံလမ်းဘေး၊ ကမ္ဘောဇဘဏ်လမ်းတောင်ဘက်ဈေးအနီး၌ စိုက်ထူထားသော မုန်တိုင်းအသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအသိပညာပေးဆိုင်ဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းနှင့် ဈေးအတွင်း၌ ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019