ဖယ်ခုံမြို့နယ်အတွင်းမှ ကြွက်များဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ရသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်တွင် ကြွက်များဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ခဲ့ရသောကျေးရွာအုပ်စု(၄)၊ စု ကျေးရွာပေါင်း( ၃၇) ရွာမှ အိမ်ထောင်စု (၁၉၉၆) စု၊ လူဦးရေ (၁၀၈၃၉) ဦး အတွက် အခြေခံစားကုန် ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ ရိက္ခာ(၁၄) ရက်စာ တန်ဖိုး (၆၂,၃၄၈,၅၂၀/-)ကျပ် အား ဖယ်ခုံမြို့နယ်ဆီးဘူးကျေးရွာရှိ ဆေးရုံသစ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ကယန်းတိုင်းရင်းသားဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှလည်း ဆန်နှင့် ကြွက်သတ်ဆေး တန်ဖိုး(၈,၉၄၀,၀၀၀/-) ကျပ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_otr
#shn_jul2019

Sign Up

Upcoming Events