Category Archives: News
-
ရေဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် (၁၈.၇.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့အိမ်ထောင်စု(၄၆၃)စု၊ လူဦးရေ(၂၁၀၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၄၄၂၈၉၀ဝိ/-)အား (၁၉့ရ့၂၀၁၉)ရက်နေ့တွင် ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးစခန်းများသို့ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2019 Source: ကသာခရိုင်ဦးစီးမှူးရုံး
-
ပရဟိတကျောင်းရှိ ပညာသင်ကြားနေသောကျောင်းသား/သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၇ခုနှစ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း သြဂုတ်လ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တောင်ပြိုလက်ဝဲမြို့၊ နံသာတောင်ပညာဒါန(ပရဟိတ)ကျောင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/ သူ(၄၂၀)ဦးသည် မောင်တောမြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆက်လက်ပညာသင်ဆည်းပူးလျက်ရှိသောကြောင့် အဆိုပါ ကျောင်းသား/ သူ (၄၂၀)ဦးအတွက် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက်ဖြင့် ဆန်(၈)ပြည်အိတ် (၄၂၀)အိတ်ပဲ(၁.၅)ပိဿာထုပ် (၄၂၀)ထုပ်၊ ဆီ(၄၂၀)လီတာ၊ ဆား(၂၅)ကျပ်သားထုပ် (၄၂၀)ထုပ် စားနပ်ရိက္ခာ (၁)လစာအား (၁၈.၇.၂၀၁၉)ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jul2019 Source: မောင်တောခရိုင်ဦးစီးမှူးရုံး
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၇.၇.၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဗန်းမော်ခရိုင်ရွှေကူခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်အတူ ဗန်းမော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများ၊ ရွှေကူမြို့နယ်ဦးစီမှူးရုံးမှတာဝန်ရှိသူများလိုက်ပါ၍ (၁၅-၇-၂၀၁၉)ရက်နေ့မှ(၁၆-၇-၂၀၁၉)ရက်နေ့အထိ ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ရေဘေးပြောင်းရွှေ့ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၂၄)ဦးတို့သည် ပုဗ္ဗာရံဘုန်းကြီးကျောင်း၊မြဝတီဘုန်းကြီးကျာင်း၊ ရွှေမြင်းတတင်ခန်းမနှင့် သူဌေးတောရ ဘုန်းတော်ကြီးကျောင်းတို့တွင် အသီးသီးယာယီပြောင်းရွှေလျက်ရှိပြီး ပြောင်းရွေ့အိမ်ထောင်စု(၂၄၄)စု လူဦးရေ(၁၂၄)ဦးတို့အတွက် တစ်ဦးလျှင် (၂၁၀၀)ကျပ် နှုန်းဖြင့် (၇)ရက်စာဆန်ဖိုးငွေ (၂၆၀,၄၀၀/-)ကျပ်တိတိကိုလည်းကောင်း၊ (၁၆-၇-၂၀၁၉)ရက်နေ့အမှတ်(၂)ရပ်ကွက်တွင်ဖြစ်ပွားသော ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုအိမ်ထောင်စု(၃)စု၊လူဦးရေ(၁၂)ဦးအတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ပစ္စည်းဆယ်မျိုးပါ … Read more
-
ဧရာဝတီမြစ်ရေတက်မှုကြောင့် ရွှေ့ပြောင်းလာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၇-၂၀၁၉)ရက်နေ့မှ (၁၆-၇-၂၀၁၉)ထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းကုန်းရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ ညောင်ပင်ရပ်ရပ်ကွက်၊ မင်းကျောင်းကုန်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ နောင်ခို ရပ်ကွက်၊ သီရိရပ်ကွက်နှင့် ကံကြီးကမ္ဘာနီကျေးရွာသို့ အသီးသီးရွှေ့ပြောင်းလာသော အိမ်ထောင်စု(၁၃၆)စု လူဦးရေ(၆၉၀)အတွက် (၇)ရက်စာ ဆန်ဖိုးရိက္ခာငွေ (၁,၄၄၉,၀၀ဝ/-) ကျပ်တိတိကို (၁၉-၇-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့ခဲ့ရသည့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ဘိုကုန်းကျေးရွာ၌(၁၈-၇-၂၀၁၉)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုပြောင်းရွှေ့ရသော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၁၂၆၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့မှတာဝန်ရှိသူများနှင့်အတူ(၁၉-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_rbe # kcn_jul 2019
-
ရေမျောသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ ယော်ဂျော်ကျေးရွာအုပ်စု၊ မန်ဂျီကျေးရွာနှင့် ကျီးထန်းကျေးရွာ အကြားရှိ ငါနီချောင်းတွင် (၁၀.၇.၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့သူ ဦးလန်နော့လွမ်းဒေါင်(၂၄)နှစ်၊ (ဘ)ဦးဒေါင်လွမ်းအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်ကို (၁၈.၇.၂၀၁၉)ရက်နေ့တွင် ဆော့လော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများမှတစ်ဆင့် လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် မိုင်းကိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဖြစ်သူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပြီး နေ့လည်(၁၂း၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019
-
လေပြင်းဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့တွင် ဘောလခဲခရိုင်၊ ရွာသစ်မြို့၊ ဆင်ဖြူရှင်လမ်းနှင့် တေဇလမ်းထောင့်တွင် လေပြင်းဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့ ဘောလခဲခရိုင်၊ ရွာသစ်မြို့၊ အထက(ရွာသစ်)ကျောင်းရှိ ကျောင်းသား/သူ(၂၁၁)ဦးနှင့် လွိုင်ကော်မြို့အထက(၂)ကျောင်းရှိ ကျောင်းသား/သူ (၆၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2019
-
ကမ်းပြိုကာကွယ်ရေး ရေကာတာဆောင်ရွက်ရန်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာသည် လက်ရှိအနေအထားအရ ကမ်းနီးအိမ်များအနေဖြင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်ရေးလုပ်ငန်း ရေကာတာဆောက်လုပ်ရန်အတွက် (၂၆၀၅၃၅၀/-)(ကျပ်နှစ်ဆယ့်ခြောက်သိန်းငါးထောင့်သုံးရာငါးဆယ်ကျပ်တိတိ) အား ရေစကြိုမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း ဥက္ကဌ ဦးဝဏ္ဏအောင်၊ တာဝန်ရှိသူများနှင့်အတူ ညောင်ဇောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဟန်ညွှန့်နှင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2019 Source: … Read more









