Category Archives: News
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ယာယီ)မှ (၂၆.၇.၂၀၁၉) ရက်နေ့ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ (၆)မိုင်စံပြ ကျေးရွာ၊ အ.ထ.က (အင်ကုန်း)ရှိ ကျောင်းသား/သူ(၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2019 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး
-
ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ အောင်ဇေယျဈေးအတွင်း ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဖုန်းဆိုင်များတွင် DAN Mobile application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #sgg_jul2019
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊မြောက်ကြို့ကုန်းကျေးရွာတွင်(၆-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသောလေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်(၁)လုံးမှ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/)ကျပ်နှင့် (၇-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် လှည်းပြင်တင်ကျေးရွာအုပ်စု၊ ဘုရားကွင်း ကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆေက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးရှိလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀၀/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၈၉၀၀/)ကျပ်တိတိအား (၂၆-၇-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မင်းလှမြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် အတူဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ # ha¬_sgw # … Read more
-
တက္ကသိုလ်ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၂၅.၇.၂၀၁၉) ရက်နေ့ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား/သူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာတို့ ၌ (၂၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၃၃၆၀၀/-)၊စုစုပေါင်းရန်ပုံငွေ(၂၃၃၆၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာ(၃၂၃၅၃/-)ကျပ်တို့ကို (၂၆-၇-၂၀၁၉) ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်း လက်ကျန်စာရင်းများ စစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးနှင့် ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းများအား ကောက်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jul2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ ဇီးဒေါင့်ကျေးရွာတွင် (၁၅.၇.၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျသဖြင့် နေအိမ်(၁)လုံးဖျက်သိမ်းပြောင်းခဲ့ရသဖြင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)ကျပ်နှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀ဝိ/-)ကျပ် အား (၂၆.၇.၂၀၁၉)ရက်နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ လက်ပန်ရွာ၌ (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၁၀,၅၀၀/-) ကျပ်တို့အား (၂၆-၇-၂၀၁၉) ရက်နေ့တွင် မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #sgg_jul2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျောင်းစုကျေးရွာအုပ်စု၊ သပြုချောင်းကျေးရွာ၌ ကျေးရွာပြည်သူ (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံးတွင် မြို့နယ်ဦးစီးမှူးရုံးကို အမွှေးနံ့သာများ ပတ်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #mgy_jul2019









