ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ အောင်ဇေယျဈေးအတွင်း ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဖုန်းဆိုင်များတွင် DAN Mobile application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_fld
#sgg_jul2019

Sign Up

Upcoming Events