Category Archives: News
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံမှုကြောင့် ကျောက်လုံးကြီးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၉၁)စု၊ လူဦးရေ (၃၈၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈၁၆၉ဝဝိ/-)အား ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
ရေးမြို့နယ်ဦးစီးမှူးရုံးမှ သိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ကျင်းပမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ကနင်ကမော့ ကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးတို့အား (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ အသိပညာပေး ဟောပြောဆွေးနွေးခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #mon_aug2019
-
ဟင်္သတခရိုင်ဦးစီးမှူးရုံးမှ DAN Application အသိပညာများနှင့် ရေဘေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်အတွင်းရှိ ရေလှောင်တမံ ၄ ခု ( မမြ, ကညင်,နန်ကသူ,ကွန်ချောင်း) အနက် ကညင် ဆည် ရေသောက် ရေလှောင်တမံ အနီးရှိ လယ်ကြီးကွင်းကျေးရွာအုပ်စု ကျွန်းပင်ဆိပ်ကျေးရွာတွင် သပြေပင်အုပ်စု လယ်ကြီးကွင်းအုပ်စု မဲဇလီကုန်းအုပ်စု ကရင်ကူးအုပ်စု ဘုရားကွင်းအုပ်စု နှင့်သက္ကယ်ပြင်(မဲ)အုပ်စုများမှ ပြည်သူ( ၂၀၀) ဦးအား မဲဇလီကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက်မှ အဖွင့်အမှာစကားအား လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
===================================================== ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ————————————————————————————- သောင်ရင်းမြစ် … Read more
-
ဟင်္သတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၁၉) ရက်နေ့တွင် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာနှင့် ကံဘက်အုပ်စု သာယာကုန်းကျေးရွာတို့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသောအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၆၈၀၀ိ/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၁၆၈၀၀ိ/-)က ကျပ်ကို (၂.၈.၂၀၁၉)နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကမ်းပြို ဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2019 Source: ဟင်္သတခရိုင်ဦးစီးမှူးရုံးမ(ဘစမ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
======================================================= ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ———————————————————————————— သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ဒုတိယဝန်ကြီး ဦးဆောင်သော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့အား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ICRC,IFRC, MRCS အဖွဲ့များမှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ ဆွေးနွေးမှုသတင်း
သြဂုတ် ၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အား ကုလသမဂ္ဂအဖွဲ့အစည်းများ ဖြစ်ကြသည့် UNOCHA, UNHCR, UNDP, UNRC Office, ICRC, IFRC နှင့် MRCS အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့တို့က ကချင်ပြည်နယ်ရှိ IDPs များနေရပ်ပြန်ရေး၊ ပြန်လည် နေရာချထားရေးများနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် IDPစခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
========================================================================= ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ==================================================== ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ … Read more
-
ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉) ရက်နေ့၌ မိုးညိုမြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာန၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ရာ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျေးရွာသူ/သား (၅၇၅) ဦးခန့် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex_fld #bgo_jul2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း
သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၄)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။









